သင်္ကြန်အကျနေ့တွင် မြိတ်မြို့၏ လမ်းမများပေါ် ကလေးအချို့မှလွဲ၍ ရေကစားကြသူမရှိဘဲ ခြောက်ကပ်နေပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက် မဏ္ဍပ်များရှေ့တွင်သာ ရေပက်နေကြသူများရှိကြောင်း ဒေသခံများ ထံမှသိရသည်။
လူငယ်အချို့သာ ရေပက်ခြင်း ရေပက်ခံထွက်ခြင်းများ ရှိသည်ဟု မြို့ခံများကပြောသည်။
အာဏာမသိမ်းမီက မြိတ်မြို့၏ အဓိကလမ်းများဖြစ်သည့် ကန်ဖျားလမ်း၊မြစ်ငယ်လမ်း၊ မြို့သစ်လမ်း၊ တိုးချဲ့လမ်း၊ လေယာဉ်ကွင်းလမ်းနှင့်ကမ်းနားလမ်းတို့တွင် ရေကစားကြသူများသည်။
ဓာတ်ပုံ – CJ













