BREAKING
September 19, 2024

သင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန်၊ ဆေးနှင့် ဆီဆိုင်မှလွဲ၍ အားလုံးပိတ်ရမည်

April 14, 2020

သင်္ကြန်ပွဲတော်ကာလအတွင်း အခြေခံစားသောက်ကုန်ဆိုင်၊ ဆေးဆိုင်နှင့် စက်သုံးဆီဆိုင်များသာ ဖွင့်ခွင့်ရမည့်ဖြစ်ပြီး အခြားဆိုင်အားလုံး ပိတ်ထားရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်သည့် အသေးစိတ် ညွှန်ကြားချက်ထွက်ရှိမည်ဖြစ်ပြီး ညွှန်ကြားချက်ထွက်ချိန်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဈေးဆိုင်တွေက အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေ၊ ဓာတ်ဆီဆိုင်တွေကလွဲရင် ဒီသင်္ကြန်ထဲမှာ အားလုံးပိတ်ထားဖို့ပါ”ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

လက်ရှိတွင် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် ဆိုင်အများစု ပိတ်ထားပြီးဖြစ်သည်။

ဈေးများတွင် ဈေးရောင်းချသူနှင့် ဝယ်ယူသူအားလုံး နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားထားသည်။

ကိုဇော်

No related posts found.