ထားဝယ်မြို့၊ ရွှေတောင်စားစေတီနဲ့ လောကမာရဇိန်ဘုရားကြီးမှာ တပေါင်းလပြည့်နေ့ (မတ်လ ၁၃) ညနေပိုင်းက ဘုရားဖူးလာသူတွေနဲ့ စည်ကားနေခဲ့ပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းက ထားဝယ်မြို့ပေါ်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်ခဲ့ပေမယ့် ညနေပိုင်းမှာ အခုလိုဘုရားဖူးတွေ စည်ကားနေတာပါ။
မယ်ဇလီဟင်းချို(ခ)မုဆီဝပ်ဟမ်းရှို ကျွေးမွေးလှူဒါန်းသူတွေ၊ ညတရားပွဲ တရားနာလာသူတွေလည်း တွေ့ရပါတယ်။
ဖျော်ဖြေရေးအနေနဲ့ ထားဝယ်ရိုးရာ ဘိုးဘိုးလားကိုးတောင် စုံတွဲအကနဲ့ ဖျော်ဖြေနေတာလည်း တွေ့ရပါတယ်။