ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်ထားသည့် ဓာတ်ပုံမှတ်တမ်းများကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။
ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄) ၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်ထားခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဌာနချုပ်၊ တပ်ရင်းစခန်းအားလုံးကို သိမ်းယူပြီးနောက် ရရှိသည့် လက်နက်ခဲယမ်းများနှင့် ဌာနဆိုင်ရာရုံးများရှေ့တွင် AA တပ်ဖွဲ့ဝင်များ ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းများကို ထုတ်ပြန်ထားသည်။
ကျောက်တော်မြို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် AA က သိမ်းယူခဲ့ခြင်းဖြစ်သည်။
















