ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ‘ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ’ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ ပြုလုပ်ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ဒေသခံအမျိုးသမီး လူငယ်တွေအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၁၈ ရက်ကြာ လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ကျေးရွာတချို့ နေအိမ် ၁၄၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။




