BREAKING
October 18, 2024

ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း စာအုပ်ကို ဖုန်းဖြင့် ဖတ်နိုင်ပြီ

January 14, 2020

တနင်္သာရီတိုင်း အစိုးရအဖွဲ့အစီအစဉ် ဖြင့် ရေးဆွဲထားသည့် ဌာနဆိုင်ရာ လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး စာအုပ် (Standard Operating Procedures SOP)စာအုပ်ကို ဖုန်း ထဲတွင် သိမ်းဆည်းပြီး ဖတ်ရှုနိုင်ပြီဖြစ်သည်။

တိုင်းအစိုးရသည် ယင်း SOP စာအုပ်ကို ၂၀၁၉ ခုနှစ်အောက်တိုဘာလက ဒုတိယအကြိမ် စာအုပ်အဖြင့် အုပ်ရေ ၇၀၀ ထုတ်ဝေရောင်းချပြီးနောက် နှစ်လကျော်ခန့်အကြာ ၂၀၂၀ ပြည်နှစ် ဇန်နဝါရီလ ၃ ရက်တွင် ဖုန်းဖြင့် ဖတ်ရှု နိုင်သည့် App ကို ဒေါင်းလုတ်ဆွဲနိုင် ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်း App ကို ဒေါင်းလုတ်ဆွဲ ရန်အတွက် Google Play Store တွင် SOP Tanintharyi ဟုရေးသားကာ ရှာဖွေရမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက် အထိ ယင်း App ကို ဒေါင်းလုတ်ဆွဲ ထားသူ ဦးရေ တစ်ရာကျော်နေပြီဖြစ်သည်။

ယင်းApp ကိုဒေါင်းလုတ်ဆွဲပြီး ပါက အင်တာနက်မလိုဘဲ ဖုန်းဖြင့် ဖတ်ရှုနိုင်သည်။

ယင်း App တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦး စီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန(ကညန)၊ ပညာရေးမှူးရုံး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စသည့် ဌာနဆိုင်ရာ ၄၁ ခုတို့၏ လုပ်ထုံးလုပ် နည်းများပါဝင်သည်။

တိုင်းအတွင်းရှိ ထားဝယ်တက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်၊ နည်းပညာ တက္က သိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ ပညာရေး ကောလိပ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန စသည့်တို့တွင် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများကိုမူ ထည့် သွင်းထားခြင်း မရှိသေးပေ။

ယင်း App ကို ကွန်ပျူတက္ကသိုလ် (ထားဝယ်)နှင့် တိုင်းအစိုးရ ပူးပေါင်း ရေးဆွဲထားခြင်း ဖြစ်ကြောင်း Play Store တွင် ဖော်ပြထားသည့် အချက်အလက် အရသိရသည်။

Download Link >>> https://play.google.com/store/apps/details?id=soptvy.tan.dawei.sop

ကျော်သူစိုး