တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်သွားတဲ့ သမ္မတနုတ်ထွက်ရေး လူထုဆန္ဒပြပွဲတွေမှာ အရင်ကနဲ့ မတူဘဲ ကေပေါ့ပ်သီချင်းသံတွေနဲ့ လူထုကိုပိုမိုဆွဲဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။
သမ္မတကို ဖြုတ်ချနိုင်ဖို့ အော်ဟစ်တောင်းဆိုတဲ့ ဆန္ဒပြသူတွေက လူကြိုက်များနေတဲ့ သီချင်းတွေနဲ့အတူ ရောင်စုံမီးစတစ်တွေကိုပါ ဝှေ့ယမ်းခဲ့တာပါ။
ယခင်ဆန္ဒပြပွဲပုံစံတွေက အကြမ်းဖက်နည်းဆန်ပြီး ကြောက်ဖို့ကောင်းနေတာကို ရောင်စုံမီးတွေနဲ့ သီချင်းတွေက လူတွေရဲ့ ကြောက်စိတ်တွေကို လျှော့ချပေးတာကို တွေ့ရတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။





ဆန္ဒပြပွဲတွေကို လူစိတ်ဝင်စားလာအောင် ပွဲလမ်းပုံစံ ပြုလုပ်တဲ့အတွက် လူတွေ ပိုပြီး ပါဝင်လာနိုင်စေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။
တောင်ကိုးရီးယားသမ္မတရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်နောက်မှာတော့ သူ့ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
သမ္မတကို သရော်ထားတဲ့ အလံတွေ၊ ကေပေါ့ပ်သီချင်းတွေနဲ့အတူ ပြည်သူတွေက ရေခဲမှတ်အောက်ရောက်အောင် ချမ်းအေးတဲ့ ရာသီဥတုကို ရင်ဆိုင်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။
Ref: The Guardian