BREAKING
December 18, 2024

ထိုင်းဘတ်ဈေး ကျရိပ်ပြ ၊ ၁၉၂ ရက်မြောက် ရွှေဈေးမဖွင့် (ဒီဇင်ဘာ ၁၃)

December 13, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၁၉၂ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။

ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၂၀၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ထိုင်းဘတ်‌ငွေလဲနှုန်းမှာ ကျရိပ်ပြလာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၈၀ ဘတ် ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။