မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှ ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်သည်။
ချောင်းနှစ်ခွသို့ ယနေ့ (နိုဝင်ဘာ ၁၃) တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ အင်အား ၅၀ ပါ စစ်ကြောင်းမှ ၂၃ ဦးမှာ ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကာ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ ၁ ဦးအပါအဝင် ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။