မကျွတ်မလွတ်သူတို့အား အစားအစာကျွေးခြင်း ခေါ် ခေါသရပ်ပွဲအား တနင်္သာရီမြို့နယ်တွင် နှစ်စဉ် တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ရောက်တိုင်း ပြုလုပ်လေ့ရှိကြသည်။
ခေါသရပ်ပွဲသည် တနင်္သာရီမြို့နယ်၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ခေါသရပ်အဖိတ်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ခေါသရပ်မုန့်ထိုးခြင်း၊ ၁၃ ရက်နေ့ ခေါသရပ်ဥပုသ်နေ့တွင် အာရုံတက်ချိန်၌ ခေါသရပ်မုန့်တို့အား သံဃာတော်တို့အား လောင်းလှူခြင်း၊ ဆွမ်းကပ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ခေါစာကျွေးခြင်းတို့အား ပြုလုပ်ကြသည်။
ခေါသရပ်မုန့်ပြုလုပ်ရာတွင် ကောက်ညှင်းငချိတ်၊ ကောက်ညှင်းဖြူ၊ အုန်းနို့၊ ဓနိပျား (သကြား) ၊ နှမ်း၊ ခရူစေ့ (သီဟိုစေ့) ၊ မြေပဲ စသဖြင့်ပါဝင်သည့် ထိုးမုန့်တစ်မျိုးဖြစ်သည်။
အဆိုပါ ခေါသရပ်ပွဲအား တနင်္သာရီမြို့အပါအဝင် ပဝကျေးရွာအုပ်စု၊ သာရဖုံကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာအုပ်စု စသဖြင့် ကျေးရွာအများစုတွင် နှစ်တိုင်း ကျင်းပလေ့ရှိကြသည်။





