BREAKING
February 26, 2025

ပီထာ ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သော မဲအရေအတွက် မရရှိ

July 13, 2023

ထိုင်းနိုင်ငံ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်အတွင်း မဲပေးရွေးချယ်ရာတွင် Move Forward ပါတီခေါင်းဆောင် ပီထာက လုံလောက်သော မဲအရေအတွက် မရရှိခဲ့ကြောင်း သိရသည်။

ဖိထာ ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အထက်နှင့်အောက်လွှတ်တော်အမတ် စုစုပေါင်း ၇၅၀ ရှိသည့်အနက် ထောက်ခံမဲ ၃၇၆ မဲရရှိရန် လိုအပ်မည်ဖြစ်သည်။

ယနေ့ လွှတ်တော်တွင်း မဲပေးရာတွင် ပီထာဝန်ကြီးချုပ်ဖြစ်ရန် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့သည်။

ပီထာဝန်ကြီးချုပ်ဖြစ်ဖို့ ကန့်ကွက်မဲပေးသူ ၁၈၂ ဦးနှင့် ကြားနေသူ ၁၉၉ ဦးရှိခဲ့သည်။

ထို့ကြောင့် ထောက်ခံမဲ ၃၇၆ မဲရရှိရန် မဲအရေအတွက် ၅၂ မဲ လိုအပ်နေသေးသည်။

စစ်တပ်က အများစု ခန့်အပ်ထားသော အထက်လွှတ်တော်အမတ် ၂၅၀ အနက် ပီထာကို ထောက်ခံမဲ ၁၃ မဲသာရရှိခဲ့သည်။

လိုအပ်သော မဲအရေအတွက် ၃၇၆ မဲမရရှိပါက နောက်အပတ်များတွင် မဲပေးသော အစီအစဉ်များကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Ref: Thairath Online