BREAKING
February 24, 2025

ဝန်ကြီးချုပ်ရွေးချယ်နေသော ထိုင်းလွှတ်တော်ရှေ့တွင် လုံခြုံရေးအတားအဆီးများချထား

July 13, 2023

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်နေသော လွှတ်တော်အဆောက်အအုံ ပတ်ဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့များက အတားအဆီးများ၊ ရေကားများ ပြင်ဆင်ချထားသည်ကို တွေ့ရှိရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ယင်းအတားအဆီးများ၊ ရေဖြန်းစက်ပါသောကားများကို ယမန်နေ့ ညသန်းခေါင်အချိန်ကတည်းက ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် Move Forward ပါတီခေါင်းဆောင် ပီထာကို ဝန်ကြီးချုပ်ဖြစ်မဖြစ် အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းက မဲပေးရွေးချယ်နေကြပြီဖြစ်သည်။

ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ပြည်သူအားလုံး စောင့်ကြည့်ပေးဖို့ ထိုင်းဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ယမန်နေ့ ညနေပိုင်းတွင် ဘန်ကောက်မြို့၌ ဆန္ဒပြလှုံ့ဆော်ထားခဲ့ကြသည်။

Move Forward ပါတီကလည်း ဘန်ကောက်မြို့ကထောက်ခံသူများကို လွှတ်တော်ရှေ့သို့ လာရောက်လေ့လာ၍ မဲရလဒ်ကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားသည်။

ထိုင်းရဲတပ်ဖွဲ့ကလည်း လွှတ်တော်ပတ်ဝန်းကျင်တွင် ဇူလိုင်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ဆန္ဒမပြကြဖို့ အမိန့်ထုတ်ပြန်ထားသည်။

Ref: Thai Enquirer, Khaosod Online