BREAKING
February 23, 2025

တာလီဘန်တွေကြောင့် ထွက်ပြေးခဲ့ရပြီး ဘောလုံးသမားနဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့သူ ဘောလုံးမယ်

July 13, 2023

သုံးရောင်ခြယ်ဘဝလို့ ဆိုရမလားပါပဲ။

တစ်ချိန်က ဒုက္ခသည်ပြည်ပြေး၊ အဲ့ဒီနောက်မှာ ဘောလုံးသမား၊ ဘောလုံးသမားဘဝနဲ့တွဲဖက်လို့ ပညာထူးချွန်ပြီး ဆရာဝန်ဖြစ်လာခဲ့လို့ သူမကို သုံးရောင်ခြယ်ဘဝလို့ တင်စားရတာပါ။

သူမရဲ့အမည်က နာဒီးယား နာဒင်းမ် ဖြစ်ပါတယ်။ နာဒီးယားရဲ့ဘဝဟာ မြင့်ချည်တစ်ခါ နိမ့်ချည်တစ်လှည့်နဲ့ ဖြတ်သန်းခဲ့ရတာပါ။

အာဖဂန်အမျိုးသားတပ်မတော် ဗိုလ်ချုပ်ရဲ့သမီး၊ အာဖဂန်နာမည်ကြီး အဆိုတော် အာယာနာ ဆယိဒ်ရဲ့တူမ အဖြစ် နာဒီးယာက ဘဝကို စတင်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့ဖခင်ကို တာလီဘန်တွေက သတ်လိုက်အပြီးမှာတော့ နာဒီးယာရဲ့ဘဝက လုံးဝကို ပြောင်းလဲသွားခဲ့ရပါတော့တယ်။

အမြင့်ကဘဝဟာ နေ့ချင်းညချင်းဆိုသလိုပဲ အနိမ့်ဆီ ရောက်သွားခဲ့ရတော့တာပါ။

ဖခင်ဖြစ်သူ အဖြစ်ဆိုးကြုံလိုက်ရပြီးတဲ့နောက်မှာ နာဒီးယားတို့ မိသားစုက ဒိန်းမတ်ကို ထွက်ပြေးခဲ့ရပါတယ်။

အခုအချိန်မှာတော့ နာဒီးယားဟာ ဒိန်းမတ်လက်ရွေးစင် အမျိုးသမီးဘောလုံးသမားအဖြစ် ထင်ပေါ်နေပြီဖြစ်သလို ဆရာဝန်တစ်ယောက်အဖြစ်နဲ့လည်း အောင်မြင်လို့နေပါပြီ။

ဒီလိုဘဝဆီကိုရောက်အောင် နာဒီးယား ဘယ်လိုတွေကြိုးစားခဲ့ရသလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။