BREAKING
September 8, 2024

ထားဝယ်အိမ်ရှေ့ ပြင်ဂိတ်အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မြို့ဝင်ထွက်ဂိတ်များပိတ်ထား

May 13, 2024

ပုံစာ - အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် (ပုံဟောင်း)

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ယနေ့ မေလ ၁၃ ရက် နေ့လယ်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး မြို့အဝင်အထွက် ဂိတ်များကို ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်-ထားဝယ် ကာလမ်းပေါ်ရှိ အိမ်ရှေ့ပြင်ဂိတ်ကို ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က စတင်ပစ်ခတ်တိုက်ခိုက်ရမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“နှစ်ဖက် ပစ်တယ်။ အရပ်သားတွေလည်း ထိထားတယ်၊ ဆိုးဆိုးရွားရွားပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဂိတ်အနီးရှိ အရပ်သားနှစ်ဦးထက်မနည်း ထိမှန်ဒဏ်ရာရထားကြောင်း မြို့ခံအချို့က ဆိုသည်။

“လောလောဆယ်ဒီမှာ အသုဘပို့ယာဉ်တန်းတွေပါ ပိတ်မိနေတယ်” ဟု အခြားမြို့ခံတစ်ဦးကလည်း ပြောဆိုသည်။

ယင်းအပြင် အိမ်ရှေ့ပြင်ဂိတ်မှာ ခုနစ်မိုင်ခန့်ဝေးသည့် မောင်မယ်ရှောင်ရွာတွင်လည်း လက်နက်ကြီး ထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

မောင်မယ်ရှောင်ရွာတွင် ထိခိုက်ဒဏ်ရာရှိသူအရေအတွက်ကို စုံစမ်းနေဆဲဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့အဝင်ထွက် ဂိတ်လေးခုစလုံးကိုလည်း မွန်းလွဲ ၂ နာရီခွဲအချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။