BREAKING
October 19, 2024

ဘန်ကောက် အဟောင်းဆိုင်တွင် ပေါက်ကွဲမှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံး

May 13, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဟောင်းဆိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် လေအေးပိုက်များကို ဖြတ်တောက်နေစဉ်ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်က ဖတ်ခနုံနယ်မြေတွင် မေလ ၁၂ ရက် နေ့လယ်ပိုင်းက လေအေးပေးစက်များတွင် သုံးသော လေအေးပိုက် များကို ဓါတ်ငွေ့သုံး ဖြတ်တောက်နေရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။

သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် စောဝါးမားထူး အမည်ရှိ မြန်မာအလုပ်သမားဖြစ်သည်။

ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားသည် လက်တစ်ဖက်ပြတ်ထွက်၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး မျက်နှာနှင့် ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များက ချူလာလောင်ကွန်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓါတ်ငွေ့သုံး၍ လေအေးပိုက်များကို ဖြတ်တောက်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းကို ကြည့်၍ ဆိုင်ရှင်ဖြစ်သူက ရဲတပ်ဖွဲ့ထံသို့ ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။

Ref: Thairath, FM 91