BREAKING
April 15, 2025

သင်္ကြန်အကြိုနေ့ ညနေပိုင်း ထားဝယ်မြို့တွင် ရေပက်သူများ

April 13, 2025

ထားဝယ်မြို့တွင် သင်္ကြန်အကြိုနေ့ညနေပိုင်းတွင် ရေပက်သူများလာနေသည်။

တိုင်းရဲတပ်ဖွဲ့ရုံးနှင့် မြို့တော်ခန်းမအနီးရှိ စစ်ကောင်စီဗဟိုဗဏ္ဍပ်တွင် လမ်းလျှောက်သင်္ကြန်ပွဲပြုလုပ်နေပြီး လာရောက်သူများလည်းရှိသည်။

စစ်ကောင်စီတပ်က ဗဟိုမဏ္ဍပ်အနီးတွင် လုံခြုံရေးများချထားပြီး ရေကစားသူအချို့ရှိသည်။

ထားဝယ်မြို့ထဲတွင်လည်း ယနေ့ညနေပိုင်းတွင် ရေကစားသူများ မနက်ပိုင်းကထက် ပိုမိုများပြားလာနေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသည့် ကားနှစ်စီးမှာ မြို့အနှံလျှောက်သွားပြီး လိုက်လံရေပက်နေသည်ကိုလည်း တွေ့ခဲ့ရသည်။