ထိုင်းနိုင်ငံတွင် ကျင်းပနေသော ဆုမ်ခရန်ပွဲတော်၏ပထမဆုံးနေ့တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၂၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လူ ၂၀၁ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။
ဆုမ်ခရန် ခရီးသွားအားလပ်ရက်ကာလသည် သီတင်းတစ်ပတ် ကြာမြင့်မည်ဖြစ်ပြီး ပွဲတော်၏ပထမဆုံးရက်၌ ယင်းကဲ့သို့ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်းကို ထိုင်းအရာရှိများက စနေနေ့၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုင်းနှစ်သစ်ကူး အားလပ်ရက်ပွဲတော်ကာလတွင် လူအများအပြား ခရီးသွားလာနေကြပြီး သောကြနေ့၌ ယာဉ်မတော်တဆမှုပေါင်း ၂၁၁ ခု ဖြစ်ခဲ့သည်ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်စင်တာက သတင်းထုတ်ပြန်သွားခဲ့သည်။
သို့သော် ယမန်နှစ် ဆုမ်ခရန်ပွဲတော် ပထမရက် လူသေဆုံးမှုနှုန်း၊ ဒဏ်ရာရရှိမှုနှုန်းနှင့် နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့် လျော့ကျခဲ့ကြောင်း သိရှိရပြီး ၂၀၂၄ ခုနှစ် ဆုမ်ခရန်ပွဲတော် ပထမရက်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၄၁ ကြိမ်အထိ ရှိခဲ့ကာ သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရရှိသူ ၂၁၁ ဦး ရှိခဲ့ကြောင်း စစ်တမ်းများအရ သိရှိရသည်။
ယာဉ်မတော်တဆမှု အများစုမှာ မော်တော်ဆိုင်ကယ်မောင်းနှင်သူများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင်သူများကြောင့် ဖြစ်ပွားရသည့် ယာဉ်မတော်ဆမှုမှာ ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်စင်တာက ပြောကြားထားသည်။



Source – Bangkok Post