စစ်ဘေးရှောင်ရန်ပုံငွေ ဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဧပြီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပြီး အမျိုးသမီးအသင်းများ၏ ပြိုင်ပွဲများလည်း ပါဝင်သည်။
အဆိုပါဘောလုံးပွဲတွင် အမျိုးသမီးဘောလုံးအသင်း ၄ သင်းနှင့် အမျိုးသားအသင်း ၁၀ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲဟူ၍ သီးခြားပွဲစဉ်များ ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။
ယင်းစစ်ဘေးရှောင် ရန်ပုံငွေဘောလုံးပွဲကို အဝေးရောက်သွေးချင်းများကွန်ရက်မှ စည်းလုံးခြင်းနှင့်တို့ထားဝယ်သား ထောက်ပို့အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။









