ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဧပြီလ ၁၃ ရက်နေ့(သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းချီတက်ခြင်း နှင့် သင်္ကြန်သံချပ်ထိုး၍ ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ က ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး လောင်းလုံးဒေသခံများပူးပေါင်းပါဝင်ခဲ့ကြသည်။








