မြိတ်မြို့ ၊ ကလွင်ရပ်ကွက်ရှိ စွန့်ပစ်အမှိုက်ပုံတွင် မနေ့ (ဧပြီ ၁၂) ညနေ ၆ နာရီဝန်းကျင်က မီးလောင်ကျွမ်းခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင် သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့များထံမှသိရသည်။
မြိတ်ခရိုင်မီးသတ်ဦးစီးဌာနနှင့်မြို့ခံပရဟိတအသင်းများ၏ ငြှိမ်းသတ်မှုကြောင့် ည ၁၀ နာရီဝန်းကျင်တွင်မီးငြိမ်းခဲ့ကြောင်း ယင်းအဖွဲ့များက ပြောသည်။
“ လမ်းဘေးအမှိုက်ပုံမီးပါပဲ။ အခုနှစ်နွေရာသီမှာပဲ ကလွင်အမှိုက်ပုံမှာ မီးလောင်နေတာ ၄ ခါလောက်ရှိပြီ“ ဟုမြို့ခံပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူက ရှင်းပြသည်။
မတ်လ ၂၅ ရက်ကလည်း မြိတ်မြို့၊ ရေပုန်းရပ်ကွက် ၊ တန်ဖိုးနည်းအိမ်ရာအနီး ကွင်းပြင်တွင် မီးလောင်မှုဖြစ်ခဲ့သေးသည်။
၂၀၂၄ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဧပြီလ ဒုတိယပတ်အတွင်း မြိတ်ခရိုင်တွင် မီးလောင်မှု ၁၂ ကြိမ်ရှိပြီဖြစ်သည်။



