ခရီးသွားများဖြင့် စည်ကားလေ့ရှိသည့် တနင်္သာရီတိုင်း၊ မြိတ်မြို့ မဟာသင်္ကြန်ပွဲမှာ ယခုနှစ်တွင်တော့ ကလေးငယ်အချို့သာ ရေကစားနေကြသည်ကိုတွေ့မြင်ရသည်။
ယနေ့(သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီခန့်တွင် မြိတ်မြို့ရှိလမ်းများပေါ်၌ လူအသွားအလာ ခြောက်ကပ်နေပြီး ရေကစားသူမရှိသည့် အခြေအနေကို မြင်တွေ့ကြရသည်။
မြိတ်မြို့တွင် ယခင်က ရေကစားမဏ္ဍပ် ၂၀ နှင့် ၃၀ အကြားရှိခဲ့သော်လည်း ယခုအခါ ဗဟိုရေကစားမဏ္ဍပ် အပါအဝင် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ် ငါးခုခြောက်ခုခန့်သာရှိကြောင်း သိရသည်။
ယင်းရေကစားမဏ္ဍပ်များတွင် ရေကစားသူ အနည်းငယ်သာရှိပြီး လုံခြုံရေးများ ချထားသည်ကို တွေ့မြင်ရသည်။







