





အာဏာမသိမ်းခင်၊ ကိုဗစ်ကာလမတိုင်ခင်က စည်စည်ကားကား ကျင်းပခဲ့တဲ့ ထားဝယ်မြို့က သင်္ကြန်ပွဲတော်ဟာ ဒီနှစ်မှာတော့ ခြောက်ကပ်နေပါတယ်။
ဒီနေ့ဟာ သင်္ကြန်အကြိုနေ့ဖြစ်ပေမယ့် ထားဝယ်မြို့ပေါ်မှာတော့ ရေကစားသူတွေ မတွေ့ရပါဘူး။
ဒီနေ့နံနက် ၁၀ နာရီမှာ ထားဝယ်မြို့ပေါ်က ရေကစားသူ အခြေအနေကို သိရှိဖို့ မှတ်တမ်းရယူခဲ့ပါတယ်။
ရေကစားသူမရှိ ခြောက်ကပ်နေတဲ့ လမ်းတွေကို ဓာတ်ပုံမှတ်တမ်းတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရေကစားဗဏ္ဍပ်တွေမှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ လောက် လုံခြုံရေးယူထားတာ တွေ့ရပေမဲ့ ရေကစားသူတော့ မရှိသေးဘူးလို့ သိရပါတယ်။
မြို့ထဲတွင်မူ စစ်ဆေးတင်းကြပ်ထားတာမျိုးမရှိသေးပေမယ့် ယာဉ်ထိန်ရဲနဲ့ စစ်ကောင်စီတပ်ကားနှစ်စီးမှာ ပုံမှန်နေ့တွေအတိုင်းမြို့ထဲလှည့်ပတ်စစ်ဆေးတာရှိနေပါတယ်။