ထားဝယ်မြို့ ၊ ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ဘုရားကြီးတွင် တပေါင်းလပြည့်နေ့ (မတ်လ ၁၃) ညနေပိုင်းက ဘုရားဖူးများဖြင့် စည်ကားနေသည်။
မယ်ဇလီဟင်းချို(ခ)မုဆီဝပ်ဟမ်းရှို ကျွေးမွေးလှူဒါန်းခြင်း ၊ ညတရားပွဲ ကျင်းပခြင်းများပြုလုပ်နေပြီး ဖျော်ဖြေရေးအနေဖြင့် ဇာတ်ပွဲ ၊ အငြိမ့်ပွဲ များ ပါဝင်ခြင်းမရှိဘဲ ထားဝယ်ရိုးရာ ဘိုးဘိုးလားကိုးတောင် စုံတွဲအကဖြင့် ဖျော်ဖြေမှုများပြုလုပ်နေသည်ကို တွေ့ရသည်။












တပေါင်းလပြည့်နေ့ နေ့လယ်ပိုင်းတွင် ထားဝယ်မြို့ပေါ်၌ ကျယ်လောင်သည့် ပေါက်ကွဲသံ နှစ်ချက် ကြားရကြောင်း မြို့ခံများကဆိုကြသည်။
သို့သော် ဘုရားကြီး ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားခြင်း မရှိကြောင်း မြို့ခံများထံကသိရသည် ။