ထားဝယ်မြို့လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို တပေါင်းလပြည့်နေ့ဖြစ်သည့် ယနေ့ (မတ် ၁၃) ညနေပိုင်းမှစ၍ ထားဝယ်မြို့တွင် ပထမဆုံး ကျင်းပနေသည်။
ယနေ့ ညနေ ၄ နာရီကစပြီး ရွှေတောင်စားစေတီတော်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းရှေ့မှ ဆရာတော်၊ သံဃာတော်များ ပရိတ်ရွတ်ဖတ်ကာ စတင်ထွက်ခွာခဲ့သည်။
နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ရာလမ်းကြောင်းအတိုင်း ဆရာ တော် သံဃာတော်များက ပရိတ်တရားပူဇော်သွားမည်ဖြစ်သည်။
တပေါင်းလပြည့်နေ၌ မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲကို ထားဝယ်မြို့ခံပရဟိတအသင်းများက ပထမအကြိမ်အဖြစ် စုပေါင်းကျင်းပနေခြင်းဖြစ်သည်။












ဝေရာဝစ္စကုသိုလ်အဖြစ် မြို့ခံပရဟိတအသင်းအဖွဲ့ မော်တော်ယာဉ်များ၊ ပရဟိတ အသင်းသူအသင်းသားများ က ကုသိုလ်ပြုပါဝင်နေကြသည်။
ပရိတ်တရား ချီးမြင့်ရာလမ်းကြောင်းတစ်လျှောက်တွင် လည်း မြို့ခံများက ပဒေသာပင်၊ပန်း၊ဖရောင်းတိုင် ၊အမွေးနံ့သာ ရေချမ်းများဖြင့် လှူဒါန်းပူးဇော်ပါဝင်နေကြသည်ကိုတွေ့ရသည်။