BREAKING
September 19, 2024

နဝမတန်းနှင့် ဒသမတန်းသင်ရိုးအသစ်တွင် ဘာသာတွဲ လေးခုသာ ကျန်

March 13, 2020

အခြေခံပညာ နဝမတန်းနှင့် ဒသမ တန်း ယခင်သင်ရိုးအဟောင်းတွင် ဘာသာတွဲ ၇ တွဲအထိရှိသော်လည်း သင်ရိုးအသစ်တွင် ဘာသာတွဲ လေးတွဲသာ ကျန်ရှိတော့ကြောင်း အခြေခံပညာ ဦးစီးဌာနက ပို့ချသည့် သင်ရိုးသစ် အကြောင်း သင်တန်းတက်ရောက်ခဲ့သည့် ထားဝယ် အ.ထ.က (၇) မှ အထက် တန်းပြ ဒေါ်ခိုင်စပယ်ဝင်းက ပြောသည်။

လာမည့် ၂၀၂၀-၂၁ ပညာသင် နှစ်တွင် နဝမတန်းသင်ရိုးအသစ်ကို စတင် ကျင့်သုံးတော့မည် ဖြစ်သည်။

ယင်းအတွက်ကြောင့် လာမည့် ပညာသင်နှစ်တွင် နဝမတန်းတက်မည့် ကျောင်းသား၊ ကျောင်းသူများသည် သင်ရိုးသစ်အရ ဘာသာတွဲ လေးတွဲ အနက် မိမိကြိုက်နှစ်သက်ရာအတွက်ကို ရွေးချယ် သင်ယူရမည် ဖြစ်သည်။

ယင်းဘာသာတွဲလေးတွဲကို STEAMS 1၊ STEAMS 2၊STAMS 1၊ STAMS 2 ဟု လေးမျိုးခွဲထားပြီး STEAMS အင်္ဂလိပ် အက္ခရာများသည် Science (သိပ္ပံ)၊ Technology (နည်းပညာ)၊Engineering (အင်ဂျင်နီယာ)၊ Art (အနုပညာ) ၊Mathematic (သင်္ချာ)၊ Sport (အားကစား) စသည့်တို့ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။

သင်ရိုးအသစ် ဘာသာတွဲများ အကြောင်းနှင့် ဘာသာတွဲရွေးချယ်မည့် ကိစ္စများကို တိုင်းအတွင်း ဆရာ၊ ဆရာမ များအား ထပ်မံသင်တန်းပို့ချပေးမည်ဖြစ် ကြောင်း ဒေါ်ခိုင်စပယ်ဝင်းက ပြော သည်။

လက်ရှိအခြေအနေအထိမူ ယင်း ဘာသာတွဲ လေးတွဲကို အမှတ်စနစ်ဖြင့် ရွေးချယ်မည် သို့မဟုတ် ကျောင်းသား များ နှစ်သက်ရာ ရွေးချယ်ခိုင်းမည်ကိုမူ အခြေခံပညာ ဦးစီးဌာနက ညွှန်ကြား ထားခြင်း မရှိသေးကြောင်း ၎င်းက ပြော သည်။

“ကျောင်းသားတွေအနေနဲ့ ဘာသာ တွဲရွေးတော့မယ်ဆိုရင် သေသေချာချာ လေ့လာပြီးမှ ရွေးသင့်တယ်။ ဘာကြောင့် လဲဆိုရင် ဘာသာတွဲ တစ်ခုယူပြီးရင် ခဏခဏပြောင်းနေလို့ အဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။

Dawei Watch

No related posts found.