မြန်မာအများစုနေထိုင်သည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ရနောင်းဌာနီဈေးအနီးရှိ ၄ လွှာတိုက်တန်းတွင် နိုဝင်ဘာလ ၁၁ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်တန်းရှိ ဖယောင်းပစ္စည်းများ ရောင်းချနေသည့်ဆိုင်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုများသဖြင့် ထိုင်းမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်များဖြင့် နာရီပေါင်းများစွာ ငြှိမ်းသတ်ခဲ့ရသည်။
အဆိုပါစျေးအနီးဝန်းကျင်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများလည်း နေထိုင်လုပ်ကိုင်နေကြသည်။
နိုဝင်ဘာလ ၁၂ ရက် နံနက်တွင် မီးလောင်ခဲ့သည့် ဆိုင်ခန်းအား ထိုင်းအာဏာပိုင်များက ရှာဖွေရှင်းလင်းရေးလုပ်ဆောင်နေသည်ကို တွေ့ရသည်။