Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ဆင်ရေးတွေကို တိုက်ရိုက်အမိန့်ပေးနိုင်တဲ့ ဗိုလ်မှူးချုပ်တစ်ဦးကို ကရခ စစ်ဌာနချုပ်မှာ ထပ်တိုးခန့်လိုက်တဲ့အကြောင်း
- စစ်ကြောင်းထိုးလာလို့ ထားဝယ်အရှေ့တောဒေသမှာ ဒီနေ့ တိုက်ပွဲဖြစ်ခဲ့တဲ့အခြေအနေ
- တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်ကြား မြိတ်-ကော့သောင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်လိုက်တဲ့အကြောင်း
- လောင်းလုံးက လဝကရုံးစစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသွားတဲ့ အကြောင်း
- ပုလော ဆင်ထိုးကြီးရွာမှာ စစ်ကောင်စီတပ်သားအလောင်းတစ်လောင်းနဲ့ လက်နက်ခဲယမ်းအချို့ရရှိတဲ့ အကြောင်း
- အယုဒ္ဓယမှာ သင်္ဘောကျင်းပေါက်ကွဲမှုဖြစ်လို့ မြန်မာနှစ်ဦးသေဆုံးခဲ့တဲ့အခြေအနေ အပါအဝင်
- ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကရင်ရိုးရာလက်ချည်ပွဲကို ပထမဆုံးအကြိမ်ကျင်းပတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။