BREAKING
December 24, 2024

ထိုင်းထုတ် စားသုံးဆီနှင့် အာလူး၊ ကြက်သွန်ဖြူဈေးမြင့်တက်နေသည့် ထားဝယ်ဈေးကွက်

July 12, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ထိုင်းနိုင်ငံထုတ် စားသုံးဆီနှစ်မျိုးနှင့် အာလူး၊ ကြက်သွန်ဖြူတို့ ဈေးမြင့်တက်နေသည်။

ထိုင်းနိုင်ငံထုတ် ပုစွန်အမှတ်တံဆိပ်နှင့် ပဲလုံး အမှတ်တံဆိပ်စားသုံးဆီဈေးမှာ ယခင်အပတ်က တစ်လီတာ ၇၀၀၀ကျပ်စျေးရှိရာမှ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ၈၀၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း စားသုံးဆီ တစ်လီတာ ၁၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

အာလူးတစ်ပိဿာ ဈေးနှုန်းမှာလည်း ယခင်အပတ်က ၃၅၀၀ကျပ်သာ စျေးရှိရာမှ ယနေ့ ၄၅၀၀ကျပ်ဖြစ်သွားသည်။

တစ်ပတ်အတွင်း အာလူးတစ်ပိဿာ ကျပ် ၁၀၀၀ ဈေးတက်သွားခြင်းဖြစ်သည်။

ထိုနည်းအတူ ကျူကုတ် ကြက်သွန်ဖြူဈေးမှာလည်း တစ်ပိတ်အတွင်း တစ်ပိဿာ ၁၅၀၀ကျပ် ဈေးတက်သွားသည်။

ယခင်အပတ်က ကျူကုတ် ကြက်သွန်ဖြူတစ်ပိဿာ ၁၂၀၀၀ကျပ်စျေးရှိရာမှ ယနေ့ ၁၃၅၀၀ကျပ် ဖြစ်လာသည်။

ကြက်သွန်ဖြူထူး၅ ဈေးမှာလည်း ယခင်အပတ်ကထက် တစ်ပိဿာ ၅၀၀ ကျပ် ဈေးတက်သွာသည်။

ယခင်အပတ် ကြက်သွန်ဖြူထူး ၅ တစ်ပိဿာဈေးမှာ ၁၃၅၀၀ကျပ်မှ ယနေ့ ၁၄၀၀၀ကျပ်ဖြစ်သွားခြင်းဖြစ်သည်။

ဆန်ဈေးမှာ ရည်ညွှန်းဈေးနှုန်းများအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။