BREAKING
March 4, 2025

မသန်စွမ်းအရေးလှုပ်ရှားသူ ကော့သောင်းဒေသခံတစ်ဦး အဖမ်းခံရပြီး အကျဉ်းထောင်ပို့

July 12, 2022

မသန်စွမ်းအရေးလှုပ်ရှားသူ ကိုထွန်းဝင်းအောင်

ကော့သောင်းဒေသခံ မသန်စွမ်းအရေးလှုပ်ရှားသူ ကိုထွန်းဝင်းအောင်ဆိုသူ ဇူလိုင်လ ၁၀ ရက် ညက အဖမ်းခံလိုက်ရကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။

အဖမ်းခံရပြီး နောက်တစ်ရက်မှာပင် စစ်ကြောရေးမှတစ်ဆင့် ကော့သောင်းအကျဉ်းထောင်ပို့လိုက်ကြောင်း ၎င်းက ဆိုသည်။

ကိုထွန်းဝင်းအောင်မှာ စစ်အာဏာသိမ်းပြီးနောက် တိမ်းရှောင်နေရသူတစ်ဦးဖြစ်ပြီး သူ့အား မည်သည့်နေရာတွင် မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

“ဘယ်ပုဒ်မ တပ်တာလဲတော့ မသိရသေးဘူး။ သူတို့တပ်ချင်တဲ့ ပုဒ်မတပ်မှာတော့ သေချာတယ်” ဟု ကိုထွန်းဝင်းအောင်၏ မိတ်ဆွေက ဆက်လက်ပြောဆိုသည်။

ကိုထွန်းဝင်းအောင်သည် မသန်စွမ်တစ်ဦးဖြစ်ပြီး ဒေသအတွင်းရှိ ဘဝတူမသန်စွမ်းအရေးကို ဦးဆောင်လှုပ်ရှားသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။