ထားဝယ်ဈေးကွက်၌ ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ (မြစ်သား) နှင့် ငရုတ်ဈေး ထပ်ကျလာသည်ကို တွေ့ရသည်။
မတ်လ ၂၉ ရက်က ကြက်သွန်နီ(မြစ်သား)တစ်ပိဿာ ၄၀၀၀ကျပ်စျေးရှိရာမှ ဧပြီ ၅ ရက်တွင် ၃၇၀၀ကျပ်သို့ ဈေးကျလာပြီး ယနေ့ ဧပြီ ၁၂ ရက်တွင်မူ တစ်ပိဿာ ၃၅၀၀ကျပ်သို့ ဈေးထပ်ကျသွားခြင်းဖြစ်သည်။
နှစ်ပတ်အတွင်း ကြက်သွန်နီ (မြစ်သား) တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။
ယင်းအပြင် ရွှေအပ် ငရုတ်သီးခြောက်ဈေးနှုန်းမှာလည်း နှစ်ပတ်အတွင်း တစ်ပိဿာလျှင် ၁၅၀၀ကျပ် ဈေးကျသွားသည်။
ရွှေအပ်ငရုတ်ခြောက်မှာ မတ်လ ၂၉ ရက်တွင် တစ်ပိဿာ ၁၃၅၀၀ကျပ်စျေးရှိရာမှ ဧပြီ ၅ ရက်တွင် ၁၂၅၀၀ကျပ် သို့ ဈေးကျသွားပြီး ဧပြီ ၁၂ ရက်တွင်မူ ၁၂၀၀၀ကျပ်သို့ ဈေးထပ်ကျသွားသည်ကို တွေ့ရသည်။
သို့သော် ကြက်သွန်ဖြူ (ကြူကုတ်) နှင့် အာလူးမှာမူ ဈေးမြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၄၅၀၀ကျပ်စျေးရှိရာမှ ဧပြီ ၁၂ ရက်တွင် ၁၅၅၀၀ကျပ် ဖြစ်သွားသည်။
ထို့အတူ အာလူး ဈေးနှုန်းမှာလည်း ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် ဧပြီလ ၅ ရက်က တစ်ပိဿာ ၅၅၀၀ ကျပ်မှ ဧပြီလ ၁၂ ရက်တွင်မူ ၆၀၀၀ကျပ်ဖြစ်လာသည်။
ထို့ကြောင့် တစ်ပတ်အတွင်း၌ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၁၀၀၀ နှင့် အာလူးတစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးတက်သွားသည်။
ဆန်နှင့် အခြားစားဖိုဆောင်သုံးသီးနှံများမှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

