BREAKING
April 16, 2025

အမေရိကန်ဒေါ်လာ ၉ သိန်းခွဲတန် လက်ပတ်နာရီကို ဝတ်ဆင်၍ စာချုပ်သစ်ကို ဆာလားဟ် လက်မှတ်ထိုး

April 12, 2025

လီဗာပူးတိုက်စစ်မှူး ဆာလားဟ် သည် လီဗာပူးအသင်းဘက် ကမ်းလှမ်းခဲ့သော စာချုပ်သစ်ကို လက်မှတ်ရေးထိုးချိန်တွင် အမေရိကန်ဒေါ်လာ ၉ သိန်းခွဲ တန်ကြေးရှိသည့် Richard Mille လက်ပတ်နာရီကို ဆင်မြန်းထားခဲ့ကြောင်း Give Me Sports က ဖော်ပြထားသည်။

လီဗာပူးသည် အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်သော ဆာလားဟ်ကို ၂ နှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယခုစာချုပ်သစ်အရ ဆာလားဟ်၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်မှာ ပေါင် ၃၈၀,၀၀၀ သို့ မြင့်တက်ရောက်ရှိသွားခဲ့ပြီလည်းဖြစ်သည်။

လီဗာပူးသည် ယခုစာချုပ်သစ် ၂ နှစ်သက်တမ်းအတွက် ဆာလားဟ်ကို အကျိုးခံစားခွင့် ပေါင်သန်း ၅၀ ရရှိစေရန် စီစဉ်ပေးထားပြီး ၎င်းအနေနှင့် နည်းပြ အာနေးစလော့တ်၏လုပ်ငန်းစဉ်များကို ယုံကြည်သည့်အတွက် စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ကြောင်း ဆာလားဟ်က ပြောကြားထားသည်။

လီဗာပူးနှင့် စာချုပ်သစ်လက်မှတ်ရေးထိုးချိန်တွင် ဆာလားဟ် ဝတ်ဆင်ထားသော လက်ပတ်နာရီကို ဆွစ်ဇာလန်ဇိမ်ခံအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချသော Richard Mille က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး နာရီအမျိုးအစား၏နာမည်အပြည့်အစုံမှာ Richard Mille RM 17-02 Tourbillon Titanium ဖြစ်သည်။

Source: Give Me Sports