အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကြားကာလ ပြည်သူ့အခြေပြု စာသင်ကျောင်းများမှ မူလတန်းအဆင့် ဆရာ ဆရာမများ ငါးရက်အကြာ မွမ်းမံသင်တန်းကို တနင်္သာရီမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးစီးပြီး ဧပြီလ ၅ ရက်မှ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါမွမ်းမံသင်တန်းကို ပြည်သူ့အခြေပြုကျောင်းများမှ ဆရာ ဆရာမ ၁၅၀ ဦး တက်ရောက်ခဲ့သည်၊။
သင်တန်းတွင် ကျောင်းသား၊ကျောင်းသူများ၏ အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း၊ ၀ေဖန်ပိုင်းခြားနိုင်စွမ်း၊ လွတ်လပ်စွာတွေးခေါ် နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းများကို အားပေးသည့် ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် သင်နည်း၊ သင်ယူမှုနယ်ပယ်အလိုက် သက်ဆိုင်ရာဘာသာရပ်များကို ပူးပေါင်းဆွေးနွေးခဲ့ကြသည်။


