ကလေးသင်္ကြန်ဒုတိယနေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၂ ရက်တွင်လည်း ထားဝယ်မြို့ထဲတွင် ကလေးများ ရေပက်ကစားကြသည်ကို မတွေ့ရသေးပေ။
ယနေ့မြို့ထဲ နံနက် ၉ နာရီနှင့် ၁၀ နာရီအကြား မြို့ထဲ အဓိကလမ်းမကြီးအချို့ကို လိုက်လံကြည့်ရူခဲ့ရာ လမ်းမပေါ်တွင် ရေကစားနေသည့်ကလေးများမတွေ့ရပေ။
ဗျောတောဝရပ်ကွက်တွင်မူ ကလေးတစ်စု အိမ်ခြံထဲတွင်ရေဆော့နေသည်ကိုတွေ့ခဲ့ရသည်။
ထားဝယ်ဗဟိုဗဏ္ဍပ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ ဦးခန့်ရှိနေသည်ကိုတွေ့ခဲ့ရသည်။




