BREAKING
September 19, 2024

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ အသက် ၈၅ နှစ်အရွယ် အဖိုး ကွယ်လွန်

April 12, 2020

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသည့် ၃၉ ဦးမြောက်အဖြစ် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ယနေ့ည ၈ နာရီ သတင်းထုတ်ပြန်သည့် အသက် ၈၅ နှစ် အဖိုးမှာ ယနေ့ မနက်ကပင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖိုးအိုသည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကျုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၃၉ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိပြီဖြစ်သည်။