BREAKING
March 12, 2025

မတ်လ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

March 12, 2025

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထားဝယ်အထူးစီးပွားရေးဇုန်အတွက် တနင်္သာရီတိုင်းစစ်ကောင်စီ ကြိုပြင်နေပြီး ထိုင်း-ဂျပန်တို့နဲ့ ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်တဲ့သတင်း
  • ထားဝယ်ဆေးရုံကြီးကို ညဘက်ဝင်ခွင့်ပိတ်ပြီး လူနာလာရင် ဖုန်းဆက်ဝင်ခွင့်တောင်းရမယ့်အပေါ် မြို့ခံတွေဝေဖန်နေတဲ့အကြောင်း
  • ထားဝယ်မြစ်ထဲ စစ်ကောင်စီစက်လှေပစ်ခတ်ခံရပြီးနောက် မြစ်ကမ်းနားက ကညုံကျွန်းရွာကို လက်နက်ကြီးနဲ့ပြန်ပစ် တဲ့သတင်း
  • တနင်္သာရီမှာ စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ပြီး ဒရုန်းနဲ့ပါဗုံးချခဲ့တဲ့အခြေအနေ
  • ခရုအုန်း ဖမ်းဆီးရရှိတာနည်းလာပြီး ဈေးလေးဆနီးပါးမြင့်တက်လာတဲ့အကြောင်း
  • တနင်္သာရီ ဘန်းလမွတ်ရွာမှာ လမ်းသွားလမ်းလာအရပ်သား ၂၀လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးတဲ့သတင်း
  • မြိတ်မြို့မှာ တစ်ညတည်း ဆိုင်ကယ်တိုက်မှုသုံးကြိမ်ဖြစ်ပြီး အမျိုးသားလေးဦးဒဏ်ရာရသွားတဲ့အကြောင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။