BREAKING
February 22, 2025

ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲကျင်းပ

February 12, 2025

ဓာတ်ပုံ - Dawei Watch

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၂) တပို့တွဲလပြည့်ည၌ ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပခဲ့ကြသည်။

ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲများကို ထားဝယ်မြို့နယ်၊လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် တပို့တွဲလပြည့်ည၌ နှစ်စဉ်ကျင်းပလေ့ရှိရာတွင် ကိုဗစ်ကာလမှစတင်ကာ ရပ်နားထားခဲ့သော်လည်း ယမန်နှစ် ၂၀၂၄ ခုနှစ်မှစကာ ပြန်လည်ကျင်းပခဲ့ကြသည်။

ဘုရားရှင်အား အနွေးဓာတ်ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါးများ၊ အမွှေးနံ့သာများ၊အုန်းခက်များ၊မီးလောင်နိုင်သည့်အပင်များကို စေတီပုံစံစုပုံ၍ မီးရှို့ပူဇော်ကြခြင်းဖြစ်သည်။