ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သားနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းအချို့ဈေးကျလာသည်။
ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီလ ၄ရက်က ကြက်သားတစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်စျေးရှိရာမှ ဇန်နဝါရီလ ၁၁ရက်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်သို့ ဈေးပြန်ကျသွားသည်။
တစ်ပတ်အတွင်းကြက်သားတစ်ပိဿာ ၃၀၀၀ကျပ်ဈေးကျခဲ့သည်။
ယင်းအပြင် မီးဖိုချောင်သုံးကုန်အချို့ဖြစ်သည့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူမှာလည်း ဈေးကျလာသည်။
ယခင်သီတင်းပတ် ဇန်နဝါရီလ ၄ ရက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ၄၈၀၀ကျပ်စျေးရှိရာမှ ဇန်နဝါရီလ ၁၁ရက်တွင် ၄၃၀၀ကျပ်၊ ကြက်သွန်နီမြစ်သားမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၄၆၀၀ကျပ်၊ ကြက်သွန်ဖြူ ထူး၄မှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ ကြက်သွန်ဖြူထူး၅မှာ တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၅၅၀၀ကျပ်သို့ အသီးသီးဈေးကျ သွားသည်။
တစ်ပတ်အတွင်း ကြက်သွန်နီအမျိုးအစားအပေါ်မူတည်ကာ တစ်ပိဿာလျှင်ပ ၄၀၀ကျပ်မှ ၅၀၀ကျပ် အထိ ဈေးကျလာသလို ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀မှ ၁၅၀၀ကျပ်အထိ ဈေးကျလာခြင်းဖြစ်သည်။
ဆန်နှင့် အခြားမီးဖိုချောင်သုံးကုန်များမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။

