BREAKING
October 16, 2024

ထိုင်းထုတ် စားသုံးဆီနှင့် ကြက်သွန်ဖြူ၊ ငရုတ်ဈေးကျသည့် ထားဝယ်ဈေးကွက်

October 11, 2024

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ထိုင်းနိုင်ငံထုတ် စားသုံးဆီနှင့် ကြက်သွန်ဖြူ ဈေးနှုန်းများ ကျဆင်းနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီ တစ်လီတာလျှင် ၈၂၀၀ကျပ်စျေးရှိရာမှ ယနေ့ ၇၂၀၀ကျပ်သို့ ဈေးကျသွားသည်။

တစ်ပတ်အတွင်း စားသုံးဆီ တစ်လီတာလျှင် ကျပ် တစ်ထောင် ဈေးကျသွားခြင်းဖြစ်သည်။

ယင်းအပြင် ကြက်သွန်ဖြူ ထူး၅ တစ်ပိဿာလျှင် ပြီးခဲ့သည့်သီတင်းပတ်က ၁၄၅၀၀ကျပ်စျေးရှိပြီး ယနေ့ ၁၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကျူကုတ်)တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်မှ ယနေ့ ၁၈၀၀၀ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်မှ ယနေ့ ၁၅၀၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူထူး ၅ တစ်ပိဿာလျှင် ငါးရာကျပ်၊ ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာလျှင် တစ်ထောင် ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက်တစ်ပိဿာလျှင် ငါးရာကျပ် အသီးသီးဈေးကျသွားခြင်းဖြစ်သည်။

ဆန်ဈေးနှင့် ပြည်တွင်းထုတ် စားသုံးဆီဈေးမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။

ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဝက်သားဈေး တစ်ပိဿာလျှင် သုံးသောင်းကျော် အထိမြင့်တက်ခဲ့ပြီး ဝက်ဒိုင်များနှင့် ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီတို့ ညှိနှိုင်းချက်အရ တစ်ပိဿာ ၂၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရန် သဘောတူခဲ့ကြသည်။

သို့သော် ယနေ့ ထားဝယ်ဈေးကွက်၏ လက်လီဈေးကွက်တွင် ဝက်သားတစ်ပိဿာလျှင် သုံးသောင်းကျပ်ဖြင့် ရောင်းချနေ သည်ကို တွေ့ရသည်။