BREAKING
February 27, 2025

တနင်္သာရီမြို့နယ်တွင် လူငယ်တစ်ရာကျော်ကို အခြေခံစစ်ပညာနှင့် ဆေးပညာသင်တန်းပေး

October 11, 2023

ဓါတ်ပုံ - တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်တွင် လူငယ်တစ်ရာကျော်ကို အခြေခံစစ်ပညာနှင့် ဆေးပညာသင်တန်းပေးခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှကြီးမှူး ပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းကို လူငယ်ရှစ်ဆယ်ဦး တက်ရောက်သင်ကြားနေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အခြေခံစစ်ပညာသင်တန်းတွင် စစ်ရေးပြခြင်း၊ လက်နက်ငယ်ဖြုတ်တပ် ပစ်ခတ်ခြင်းအပါအဝင် နိုင်ငံရေးဘာသာရပ်ကိုလည်း သင်ကြားပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင်တန်းအတွင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတာဝန်ခံမှ ပြည်သူ့ကာကွယ်ရေးတပ်များ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်နှင့်စည်းကမ်းများကိုလည်း ပို့ချပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တစ်ဆက်တည်း မြိတ်ခရိုင်တပ်ရင်းမှ ရဲဘော် ၂၂ ဦးကိုလည်း အခြေခံဆေးပညာသင်တန်း တက်ရောက်ကာ လက်တွေ့နှင့် စာတွေ့(စာမေးပွဲ)ကိုလည်း ပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင်တန်းအတွင်း လူငယ်များ စိတ်အားထက်သန်စွါ တက်ရောက်သင်ကြားနေသည်ကိုတွေ့ရကြောင်း တနင်္သာရီမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

တနင်္သာရီမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲများ မကြာခဏဖြစ်လျက်ရှိနေသည်။