ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမှာ ကရင်ရိုးရာလက်ချည်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
စူရတ်ဌာနီမြို့ရှိ ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းမှာ ဒီနေ့ ဩဂုတ်လ ၁၁ရက် မနက်က ကျင်းပခဲ့တာပါ။
ထိုင်းတောင်ပိုင်းရောက် ကရင်တိုင်းရင်းသားတွေက ဦးဆောင်ကျင်းပခဲ့တာပါ။
ရိုးရာလက်ချည်ပွဲမှာ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။
စူရတ်ဌာနီခရိုင်မှာ ကရင်တိုင်းရင်းသားတွေအပြင် မွန်နဲ့ ထားဝယ်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသားအများအပြားက ရွှေ့ပြောင်းလုပ်သားတွေအဖြစ် နေထိုင်နေကြတာပါ။
မြန်မာနိုင်ငံသား အများအပြားရှိတဲ့အတွက် တိုင်းရင်းသားလူမျိုးအလိုက် ရိုးရာပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။















