BREAKING
October 19, 2024

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသော မြန်မာ ၁၂၀ ကို ကော့သောင်းဘက် ပြန်ပို့

June 11, 2024

ဓာတ်ပုံ - ရနောင်လဝကနှင့် ကော့သောင်း (ပြန်/ဆက်)

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသား ၁၂၀ ဦးကို ရနောင်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဇွန်လ ၁ဝ ရက်နေ့က ပြန်ပို့ခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်များတွင် ပြစ်ဒဏ်အမျိုးမျိုးဖြင့် ကျခံခဲ့ရပြီးနောက် ရနောင်းလဝကထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားများကို ရနောင်းမြို့မှတစ်ဆင့် စက်လှေများဖြင့် ကော့သောင်းမြို့ကို ထိုင်းအာဏာပိုင်များနှင့် မြန်မာအလုပ်သမားသံအရာရှိများ ပူးပေါင်းကာ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်ပို့ခံရသူများတွင် မြန်မာအလုပ်သမား အမျိုးသား ၉၈ ဦးနှင့် အမျိုးသမီး ၂၂ ဦး ပါဝင်ကြောင်း ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။

ကော့သောင်းဘက် ပြန်ရောက်လာသော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီး နောက်ပိုင်းတွင် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ခရိုင် ပြန်ဆက်က ထုတ်ပြန်ထားသည်။