BREAKING
January 22, 2025

တနင်္သာရီတိုင်းတွင် မေလဒုတိယအပတ်အတွင်း နေ့စဉ်ရက်ဆက်မိုးရွာနိုင်

May 11, 2024

တနင်္သာရီတိုင်းတွင် မေလ ၁၁ ရက်မှ ‌၂၀ ရက်အတွင်း နေ့တိုင်းနီးပါး မိုးရွာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းကာလအတွင်း မိုးရွာနိုင်ခြေမှာ ၆ ရက်မှ ၉ ရက်အထိ ရှိကြောင်း မိုးဇလက ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်အပါအဝင် ၎င်းနှင့်ဆက်စပ်နေသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုမုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်ပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်တို့တွင် ပုံမှန်မိုးရွာနေကျအတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာန ခန့်မှန်းချက်အရ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းသို့ မေလ ၂၁ ရက်ဝန်းကျင်တွင် မုတ်သုံစတင်ဝင်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။

မေလ ၂၆ ရက်နောက်ပိုင်းတွင် တနင်္သာရီတိုင်းတွင် မုတ်သုံမိုးများရွာသွန်းတော့မည်ဖြစ်ကြောင်း မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ရေးသားထားသည်။

လတ်တလောတွင် တိုင်းအတွင်း ဒေသအလိုက် မိုးရွာသွန်းမှုအနည်းငယ်ရှိလာသဖြင့် နေရာအချို့တွင် အပူချိန်လျော့ကျလာနေပြီး သောက်သုံးရေးအခက်အခဲလည်း အတိုင်းအတာတစ်ခုအထိ လျော့ကျလာနေသည်။

တစ်ဖက်တွင်မူ ထားဝယ်နှင့် မြိတ်ခရိုင်တို့တွင်မူ စစ်ရေးအရှိန်မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များပိုတိုးလာနေသည်။

စစ်ဘေးရှောင်များအတွက် မိုးရာသီတွင် ကျရောက်နိုင်သော ကူးစက်ရောဂါများ ကာကွယ်ကုသနိုင်ရေး၊ အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်ချက်များရှိလာမည်ဖြစ်သည်။