BREAKING
April 19, 2025

ကိုဗစ် ကုစားချေးငွေတနင်္သာရီတိုင်းမှ ဟိုတယ်တစ်လုံး ဈေးဦးပေါက်ရရှိ

May 11, 2020

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်မှုကိုကုစားရန်အစိုးရက ငွေထုတ် ချေးလျက်ရှိရာ ချေးငွေရစာရင်းတွင် ထားဝယ်မြို့မှဟိုတယ်တစ်လုံးက တနင်္သာရီ တိုင်း၏ပထမဆုံး ချေးငွေရစာရင်းတွင် ပါဝင်လာသည်။

ယင်းဟိုတယ်မှာထားဝယ်မြို့ရှမ္မလည်ဆွဲရပ်မှNew Light ဟိုတယ် ဖြစ် သည်။

ချေးငွေရသူများ စာရင်းကို ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်မှထုတ်ပြန်လျက်ရှိရာ မေလ၄ရက် နေ့က တတိယအသုတ်အဖြစ်ထုတ်ပြန် သည့်စာရင်းတွင်New Light ဟိုတယ် ပါဝင်လာခြင်းဖြစ်သည်။

New Lightဟိုတယ်ပိုင်ရှင်ကမူ အစိုးရထံမှ ငွေသိန်း၂၅၀ ချေးယူရန် လျှောက်ထားပြီးအစိုးရမှ ချေးငွေမည်မျှ ခွင့်ပြုရရှိမည်ဖြစ်ကြောင်းကိုယခုထိ မည်သည့်ဌာနကမှအကြောင်းကြားလား ခြင်းမရှိသေးဟု မေလ၈ရက်ညနေပိုင်း တွင် ပြောကြားသည်။

ယင်းသည်အွန်လိုင်းမှတစ်ဆင့် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်သို့ တိုက်ရိုက် လျှောက်ထားခဲ့ကြောင်း New Light ဟိုတယ်ပိုင်ရှင် ဒေါက်တာဇေယျာအောင် က ပြောသည်။

ချေးငွေ၂၅၀ ချေးထားရာတွင်မည် မျှချထားပေးမည်ကိုမူ ဒေါက်တာ ဇေယျာအောင် မသိရှိရသေးပေ။

Dawei Watch