BREAKING
November 24, 2024

ကိုဗစ်ကာကွယ်ရေး ဖောက်ဖျက်မှု ၇၀ ကျော်

May 11, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ထိန်းချုပ်ရေးအမိန့်ကို ဖောက်ဖျက်၍ အရေးယူခဲ့သည့်အမှုပေါင်း ၇၀ ဝန်းကျင် ရှိကြောင်း တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ကိုဗစ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် ဖောက်ဖျက်သည့် အတွက် ဖမ်းဆီးအရေးယူခဲ့သည့်အမှု အရေအတွက် ၆၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် ထင်ရှား သည့်အမှု ၇ မှုရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

မြိတ်မင်္ဂလာဆောင်ကိစ္စ၊ ရေဖြူ ဘုန်းကြီးပျံပွဲကိစ္စ၊ ကော့သောင်း မလိဝမ်း ရှိ စောင့်ကြည့်စခန်းတွင် ခြိမ်းခြောက် ပြောဆိုပြီး စောင့်ကြည့်စခန်းမှ ထွက်သွား သည့်ကိစ္စ၊ မြိတ်တွင် ကျန်းမာရေးအစစ် ဆေးမခံသည့် လိုင်စင်မဲ့ကားကိစ္စ၊ ထိုင်း နိုင်ငံမှ ကော့သောင်းသို့ ပဲ့ချိတ်ဖြင့် ခိုးဝင်လာသည့် ကိစ္စ၊ မြိတ်ကေတီဗွီ ဆိုင်ကိစ္စ ၂ ခု တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းအမှုများကို တရားစွဲဆို ပြီးဖြစ်သည်။

ရေဖြူဘုန်းကြီးပျံပွဲကိစ္စတွင် ရေဖြူ မြို့နယ်တရားရုံးက ဂေါပကဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ဒဏ်ငွေကျပ် တစ် သိန်းစီ ချမှတ်ထားပြီးဖြစ်ကြောင်း တိုင်း အစိုးရ အဖွဲ့ထံမှ သိရသည်။

Dawei Watch