ထားဝယ်ဒေသတွင် သင်္ကြန်မကျမီ ကလေးသင်္ကြန် (သားဂန်းဂြန်) ပြုလုပ်လေ့ရှိသည်။
သင်္ကြန်မကျမီ ဧပြီလ ၁၁ ရက်က စပြီး ကလေးများ
ရေပက်ကြသည်ကို ကလေးသင်္ကြန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
ကိုဗစ်နှင့် အာဏာသိမ်းမှုမတိုင်မီ ၂၀၁၉ ခုနှစ်ကမူ ထားဝယ်မြို့ ဆန်ချီမူကြိုကျောင်းတွင် ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပင် ကလေးသင်္ကြန်ကို ကျင်းပခဲ့ဖူးသည်။
ယင်းနောက်ပိုင်းတွင်မူ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုတို့ကြောင့် ကလေးသင်္ကြန်ရော၊ လူကြီးသင်္ကြန်ပါ စည်စည်ကားကား မကျင်းပနိုင်သည်မှာယနေ့အချိန်အထိပင်ဖြစ်သည်။










ယနေ့ ဧပြီလ ၁၁ ရက်နေ့သည် ကလေးသင်္ကြန် ပထမနေ့ဖြစ်သော်လည်း ထားဝယ်မြို့၏ အဓိကလမ်းမကြီးများပေါ်တွင် ကလေးများ ရေကစားနေသည်ကို မတွေ့ရပေ။
လမ်းသွယ်များရှိ နေအိမ်များရှေ့ရေတွင်မူ ပက်ကစားနေကြသည့်ကလေး အနည်းငယ်ကိုသာ တွေ့ရသည်။
ထားဝယ်မြို့ပေါ်မှလွဲပြီး အများစုသောနယ်ကျေးရွာတို့တွင်မူ ကလေးသင်္ကြန်ဟု သီးခြားမရှိပေ။