BREAKING
February 24, 2025

ရေကစားသူမရှိသည့် ကလေးသင်္ကြန်ပထမရက်

April 11, 2023

ကလေးသင်္ကြန်စတင်သည့် ယနေ့ ဧပြီလ ၁၁ ရက်တွင် လောင်းလုံးနှင့် ရေဖြူမြို့နယ်များထဲက ကျေးရွာအချို့တွင် ကလေးများ ရေပက်ကစားသည်ကို မတွေ့ရပေ။

ထားဝယ်ဒေသတွင် သင်္ကြန်အကျနေ့မတိုင်မီ သုံးရက်ကြိုတင်ကာ ကလေးသင်္ကြန်ကို ကျင်းပခြင်းဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် သင်္ကြန်ပွဲတော် မကျင်းပသဖြင့် ကလေးငယ်များ သင်္ကြန်တွင် ရေပက်မကစားခဲ့ကြသလို အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်လည်း ကလေးသင်္ကြန်နေ့များတွင် ရေကစားသူ မတွေ့ရတော့ပေ။

စစ်ကောင်စီကမူ ယခုနှစ်သင်္ကြန်ပွဲတော်ကို တိုင်းအတွင်း စည်စည်ကားကား ကျင်းပရန် မဏ္ဍပ်များ ဆောက်လုပ်ကာ ပြင်ဆင်နေသည်။