BREAKING
September 19, 2024

ဆန္ဒမဲပေးရမည့် လူသစ်လေးသောင်းဝန်းကျင်ရှိ

March 11, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီ တိုင်းအတွင်း ပထမဆုံးအကြိမ် ဆန္ဒမဲ ပေးခွင့်ရမည့် လူငယ်အရေအတွက်မှာ လေးသောင်းဝန်းကျင်ရှိကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (ရွေး/ကော်)ထံမှ သိရသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် တွင် အသက် ၁၈ နှစ်ပြည့်မည့်သူအထိ ကောက်ယူထားသည့် စာရင်းဖြစ်ကြောင်း တိုင်းရွေး/ကော်အဖွဲ့ခွဲ အတွင်းရေးမှူးက ဆိုသည်။

“အခုမှ ပထမအကြိမ်မဲပေးရမယ့် တစ်ဆယ့်ရှစ်နှစ် ပြည့်လာမယ့်သူက တစ်တိုင်းလုံး ငါးသောင်း မပြည့်ဘူး”ဟု အထက်ပါ အတွင်းရေးမှူးက ပြောသည်။

တစ်နိုင်ငံလုံး၌ ၂၀၂၀ ရွေးကောက်ပွဲ တွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့် လူငယ် ငါးသန်းခန့်ရှိနိုင်ကြောင်း ပြည် ထောင်စုရွေးကော်ပွဲကော်မရှင်က ခန့် မှန်းထားသည်။

တနင်္သာရီတိုင်းတွင် ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၉ သိန်းကျော်ရှိပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၂ သိန်းခန့်ရှိနိုင် ကြောင်း တိုင်းဒေသကြီးရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲက ခန့်မှန်းထားသည်။

Dawei Watch

No related posts found.