ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ဘန်ကူးရပ်ကွက်ရှိ မေတ္တာရိပ် မြန်မာစာသင်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်(ယနေ့)ညက ပြုလုပ်ခဲ့သည်။
အဆိုပါကျောင်းတွင် ကျောင်းသားဦးရေ ၈၀၀ ကျော်ရှိပြီး စူရတ်ဌာနီခရိုင်အတွင်း ကျောင်းသားဦးရေ အများဆုံး ပညာသင်ယူနေသည့် ကျောင်းလည်းဖြစ်သည်။
ထိုကျောင်းတွင် ထားဝယ်ဒေသရွှေ့ပြောင်းကလေးအများစု ပညာသင်ယူနေပြီး မြန်မာရွှေ့ပြောင်းကလေးများလည်း ရှိသည်။
ယင်းကျောင်း၌ မူကြိုမှ အထက်တန်းအဆင့်အထိ ကျောင်းသားများ ပညာသင်ယူနေသည်။
မေတ္တာရိပ်မြန်မာစာသင်ကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ပုံရိပ်များကို ဖော်ပြလိုက်သည်။


























