BREAKING
September 19, 2024

ယမန်နှစ်ချန်ပီယံ တနင်္သာရီဘောလုံးအသင်း ကွာတားအဆင့်မှ လှည့်ပြန်

February 11, 2020

တိုင်းနှင့်ပြည်နယ် အသက် ၂၁ နှစ် အောက် ဘောလုံးပြိုင်ပွဲ ယမန်နှစ်ချန်ပီယံ တနင်္သာရီတိုင်း ဘောလုံးအသင်းသည် ကွာတားဖိုင်နယ်တွင် ချင်းပြည်နယ် အသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးပြီး ပြိုင်ပွဲ မှ ထွက်ခွာသွားပြီဖြစ်သည်။

တနင်္သာရီတိုင်းအသင်းသည် အုပ်စုအတွင်း မကွေးတိုင်းအသင်းကို ၁ဂိုး၊ ဂိုးမရှိ၊ ကချင်ပြည်နယ်အသင်းကို ဂိုးမရှိသရေ၊ ရန်ကုန်တိုင်းအသင်းကို ၂ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုပထမ ဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင် ခဲ့သော်လည်း ကွာတားတွင် ချင်းပြည် နယ်အသင်းကို ရှုံးသွားခဲ့သည်။

ကွာတားပွဲစဉ် ပထမပိုင်း ပွဲကစား ချိန်တစ်လျှောက်လုံး တစ်ဂိုးအသာဖြင့် ဦးဆောင်နေသော တနင်္သာရီတိုင်း အသင်းသည် ဒုတိယပိုင်း သွင်းဂိုးများ ဖြင့် ချင်းပြည်နယ်အသင်းကို အရှုံးပေး လိုက်ရခြင်း ဖြစ်သည်။

“အုပ်စုပွဲမှာ အဓိက ရှေ့တန်းကစား သမားတစ်ယောက် အနီကတ်ပြခံလိုက်ရတော့ အသင်းရဲ့ တိုက်စစ်ပိုင်းက အားနည်းသွားတာ”ဟု တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ဆိုသည်။

တိုင်းတွင် ကျင်းပခဲ့သည့် သုံးပွင့်ဆိုင် ခြေစမ်းပွဲတွင် တနင်္သာရီတိုင်း အသင်းက အနိုင်ယူခဲ့ဖူးသော ကရင်ပြည် နယ်အသင်း၊ မွန်ပြည်နယ်အသင်းတို့ အပြင် အုပ်စုအတွင်း အနိုင်ယူထားခဲ့သည့် မကွေးတိုင်းအသင်းတို့မှာ ဆီမီးဖိုင်နယ် ကို တက်လှမ်းသွားပြီ ဖြစ်သည်။

ယင်းပြိုင်ပွဲကို နေပြည်တော်တွင် ဖေဖော်ဝါရီလ ပထမအပတ်က စတင်ကျင်းပနေခြင်း ဖြစ်သည်။

ကျော်သူစိုး