အတ္တလန္တာ – ရီးရဲလ်မက်ဒရစ်
ဒီညမှာတော့ မှော်ဆန်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကြည့်ကြရတော့မှာပါပဲ။
အမှတ်တွေ အရမ်းလိုအပ်နေသလို နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ် ၃ ပွဲလုံးကို အနိုင်ကစားရမယ့် ရီးရဲလ်မက်ဒရစ်အနေနဲ့ ဒီညမှာ ပွဲကျပ်ကစားရဖို့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ရင်ဆိုင်ရမှာက အီတလီစီးရီးအေ အမှတ်ပေးဇယားကို ထိပ်ဆုံးနေရာကနေ ဦးဆောင်နေသူ အတ္တလန္တာ ပါပဲ။
ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲဆက်တိုက် မရှုံးခဲ့သလို အိမ်ကွင်းလုပ်အားနှုန်းလည်း ကောင်းမွန်တဲ့ အတ္တလန္တာက ရီးရဲလ်မက်ဒရစ်ကို အခက်တွေ့စေတော့မှာ အမှန်ပါပဲ။
ရီးရဲလ်မက်ဒရစ်ဟာ ဒီအတားအဆီးကို ဘယ်လိုကျော်လွှားပြလေမလဲဆိုတာက စိတ်ဝင်စားစရာကောင်းလှပါတယ်။